ယနေ့ (17.8.2019)စနေနေ့တွင်
ကျောင်းသားများ သမဂ္ဂကွန်ရက် (ပခုက္ကူ)မှ ဦးဆောင်၍
ရေဘေးနှင့်စစ်ဘေးသင့်ပြည်သူများအား
သွားရောက်လှူဒါန်းနိုင်ရန်အတွက်
ပခုက္ကူမြို့တွင်းနှင့် မြို့မဈေးသို့ လှည့်လည် အလှူခံခဲ့ရာ
အလှူငွေ ၁၇၇၃၈၀၀(တစ်ဆယ့်ခုနစ်
သိန်း ခုနစ်သောင်း သုံးထောင့်ရှစ်ရာ) ကျပ်ရရှိခဲ့ပါသည်ခင်ဗျ။

အဝတ်အစား၊စောင်နှင့် ကုန်ခြောက် အစရှိသည့်ပစ္စည်းများလည်းလာရောက်လှူဒါန်းမှုရှိခဲ့ပြီး လာမည့်နေ့တွင် စုပေါင်း၍ တင်ပြပေးသွားမည်ဖြစ်ပါသည် ။

လှူဒါန်းသူများအနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် ငွေကြေးတစ်ခုတည်းသာမကပဲ အသုံးအဆောင်ပစ္စည်း၊အဝတ်အထည်၊အစားအစာ(ကုန်ခြောက်)အစရှိသည်များကိုလည်း လှူဒါန်းနိုင်ပါသည် ။

Volunteer အဖြစ်ကူညီပေးပါသော
ကျောင်းသား၊ကျောင်းသူများအားလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်

Leave a Reply